ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ခေါင်လန်ဖူးဒေသ၊ ခေါင်လန်ဖူးပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ ပြည်သူ့ စစ် တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့ကြောင်း ပူတာအို PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။
ယနေ့ မတ်လ ၁၈ ရက် နံနက်ပိုင်းတွင် ခေါင်လန်ဖူးဒေသ၊ အောက်ရှန်ဂေါင်ရွာနေ ပြည်သူ့စစ်တပ် သား အသက် ၅၉ အရွယ် တပ်သားတစ်ဦးသည် ပြည်သူနှင့်တစ်သားတည်းရပ်တည်လိုသဖြင့် ၎င်းကိုင်ဆောင်သော လက်နက်ခဲယမ်းများ ယူဆောင်ကာ ပူတာအို PDF တပ်ဖွဲ့ထံသို့ အလင်းဝင် လာခဲခြင်းဖြစ်ကြောင်း သိရသည်။
“အလင်းဝင်လာတဲ့သူက ခေါင်လန်ဖူးပြည်သူ့စစ်စခန်းက၊ အဲဒီစခန်းထဲမှာ ထွက်လာချင်တဲ့ ပြည်သူ့ စစ် ၂၀ လောက်ရှိသေးတယ်၊ စစ်ကောင်စီတပ်သားတွေရှိနေလို့ ထွက်မလာရတာလို့ ပြောတယ်။ တိုက်ပွဲကလည်း စတာကြာပြီ၊ လောလောဆယ်တော့ တိုက်ပွဲပြင်းထန်နေတဲ့အခြေအနေမို့ တပ်မ ဟာ ဘက်ကို ပို့ဖြစ်ဖို့များတယ်” ဟု ပူတာအို PDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တပ်သား ထွက်ပြေးလာသည့် ဆွမ်ဘရာဘွမ်စခန်းသည် အကြမ်းဖက်စစ်သား အင်အား ၃၀ ခန့်ရှိပြီး စစ်ရေးတင်းမာနေသဖြင့် ပြည်သူနှင့်အတူ တစ်သားတည်းရပ်တည်လိုသည့် ပြည်သူ့စစ် ၂၀ ခန့် မှာ ထွက်ပြေးလာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ပြည်သူနှင့်အတူ ရပ်တည်ရန် ရဲရဲ ဝံ့ဝံ့စွန့်စွန့်စားစား ထွက်ပြေးလာသည့် ရဲဘော်ကို ကောင်းမွန်စွာ ကြိုဆိုထားပြီး ကျန်ရှိနေသော ရဲဘော်များအနေဖြင့်လည်း အချိန်မီလာရောက်ပူးပေါင်းကြရန် ပူတာအို PDF က ထုတ်ပြန်ထားသည်။