စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အမှတ် ၅၀၀၄ အမြောက်တပ်ကို ရော့ကတ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
မတ်လ ၁၇ ရက် နေ့ အရာတော်မြို့နယ်အမှတ် ၅၀၀၄ မြောက်တပ်အတွင်းသို့ Rocket လက်နက် များဖြင့် ၁၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းအတွင်းသို့ ၁၃ လုံးကျရောက်ပေါက်ကွဲပြီး စစ်သား ၁ ဦး သေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို သပြေညိုပြောက်ကျားတပ်ဖွဲ့၊ အရာတော်မြို့နယ် ပ.က.ဖ နှင့် အရာတော် မြို့နယ် ပ.က.ဖ ဒရုန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သပြေညိုပြောက်ကျားတပ်ဖွဲ့နှင့် မဟာညီနောင်ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ် အာ ဏာရှင် မပြုတ်မချင်း ကြိုးစားတိုက်ခိုက်နေမည်ဖြစ်ပြီး Rocket လက်နက်ကြီးများ ဆက်လက်ထုတ် လုပ်နိုင်ရန်အတွက် မိဘပြည်သူများက ပါဝင်ကူညီအားဖြည့်ပေးပါရန် မေတ္တာရပ်ခံထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ အထိုင်ချတပ်စွဲထားသည့် နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Chindwin Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မတ်လ ၁၇ ရက် နေ့ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ အထိုင်ချ တပ်စွဲထားသည့် နေရာများကို ဒရုန်း လေယာဥ် ၃ စီးဖြင့် ဗုံး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Chindwin Brothers – DGF တပ်ခွဲ၊ မုံရွာ ခရိုင်တပ် ရင်း ၂၄ ၊နင်ဂျာတပ်ဖွဲ့နှင့် တစ်ကိုယ် တော်ပျံလွှားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် များအထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။