ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသကို စစ်ကောင်စီဟာ နေ့စဉ် လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဆက်လက်ပစ်ခတ်ပစ်ခတ်နေဆဲလို့ ဒီနေ့ မတ် ၂၀ မှ PNLA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ဆိုက်ခေါင်အခြေစိုက် အမြောက်တပ်က ဆီဆိုင်မြို့ကို လက်နက်ကြီးနဲ့ အချက်ရေ ၂၀ ကျော် ပစ်ခတ်တိုက်ခဲ့ပြီး အဲဒီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် တချို့ မပေါက်ကွဲသေးဘဲ လမ်းတွေနဲ့ ကျေးရွာအချို့မှာ အများအပြားရှိနေတယ်လို့ ပါရှိပါတယ်။
တစ်ရက်တည်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း လက်နက်ကြီးရေ ၄၀ ကျော်ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။
စစ်ကောင်စီဟာ ပအိုဝ်းဒေသ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းမြို့နယ်တွေမှာ ဇန်နဝါရီလ ၂၁ ရက်က နေ မတ်လ ၁၆ ရက်အထိ လက်နက်ကြီးပစ်ခတ်မှု ၂၁၂၀ ကျော်ရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က မတ်လ ၁၈ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။