စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ဒေသခံတောင်သူများက လေကြောင်းတိုက်ခိုက်မှုရပ်တန့်ရန်နှင့် လေယာဥ်ဆီကိုဖြတ်တောက်ရန် ယနေ့ (မတ်လ ၂၁) နံနက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါ တောင်သူများက တောင်ယာလုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်ရင်း “လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ လေယာဥ်ဆီကို ဖြတ်တောက်စို့” ၊ “USA, UK, EU – Ban Conpanies deliverying jet fuel to Myanmar” စသည့် စာသားများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
ယင်းဆန္ဒပြလှုပ်ရှားမှုကို လူငယ်အားမာန်သပိတ်စစ်ကြောင်းနှင့် ဒေသခံတော်လှန်တောင်သူများ ပူးပေါင်းကာ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။