ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းက တောင်ယာပြည်သူများနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီကို လေယာဉ်ဆီ ရောင်းချနေခြင်းရပ်တန့်ရေး လှုပ်ရှားမှုလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် “ဖက်ဆစ်တပ်ကို လေယာဥ်ဆီရောင်းပေးနေတာ ချက်ချင်းရပ်”၊ “USA, UK, EU – Ban Jet Fuel Sales and shipment insurance to Myanmar If the jets can’t fly, they can’t bomb.”၊ “Ban Jet Fuel Exports to Myanmar Junta.” စသည့် စာသားများကို ကိုင်ဆောင်ကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။