ယင်းမာပင်မြို့နယ်တွင် လူငယ်အားမာန်သပိတ်စစ်ကြောင်းက ဦးဆောင်၍ ယင်းမာပင်အနောက်ခြမ်းကျေးရွာတစ်ရွာရှိ တော်လှန်ပြည်သူများနှင့် ပူးပေါင်းကာ “မတရားစစ်မှုထမ်းဥပဒေ အလိုမရှိ” ကြောင်း ဓာတ်ပုံကမ်ပိန်းကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် လူငယ့်အားမာန်သပိတ်ကော်မတီက ‘နွေဦးအလင်း’ နိုင်ငံရေးစာစဥ် အမှတ် ၃၅ ကို ယင်းမာပင်မြို့နယ်အနောက်ခြမ်းနှင့် ပုလဲမြိုနယ်မြောက်ခြမ်းရှိ ကျေးရွာများကို ဖြန့်ချိထုတ်ဝေခဲ့ကြောင်း သိရှိရသည်။