စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာက စစ်ရှောင် အိမ်ထောင်စု ၅၀ စာအတွက် အခြေခံစားသောက်ကုန် နဲ့ လူသုံးကုန် ပစ္စည်းများကို မနေ့က ထောက်ပံ့ခဲ့တယ်လို့ စစ်ကိုင်း ပြည်သူ ဖေးမ ကူကွန်ရက်ထံမှ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးမှုကြောင့် ရွာလုံး ကျွတ်နီးပါး ၊မီးဘေးသင့်ပြာပုံ ဘဝသို့ ရောက်ရှိနေတဲ့ ဇီးတော ကျေးရွာ အုပ်စုသို့ မတ် ၂၂ ရက်မှာ သွားရောက် ထောက်ပံ့ ပေးခဲ့ တာပါ။
ဒီထောက်ပံ့မှုကို ဘုတလင်မြို့ အခြေစိုက် စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်အဖွဲ့ဝင်ဖြစ်တဲ့ The Helpers For Spring မှ ပြည်သူများထံ လက်ခံပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
ကွန်ရက်အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ မီးဘေးသင့်ကျေးရွာများ အတွက် အရေးပေါ် လိုအပ်ချက်များကို ချိတ်ဆက်လှူဒါန်းပေးနိုင်ရန် ကြိုးစားဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဒဏ်ခံနေရတဲ့ စစ်ရှောင်ပြည်သူများထံသို့ ငွေသားလှူဒါန်းမှုတင်မက အစားအစာ၊လူသုံးကုန်ပစ္စည်းများကိုပါ ပေးပို့ကူညီနိုင်တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ အသိပေး တိုက်တွန်းထားပါတယ်။