အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်ဖြင့် အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေးသင်တန်းကို ဖွင့်လှစ်သင်ကြားပြီး သင်တန်းဆင်းသွားပြီဖြစ်သည်။
အဆိုပါသင်တန်းကို NUG၊ MOHAI ကွပ်ကဲမှုအောက်ရှိ SSTF (ပြည်သူ့ ရဲတပ်ဖွဲ့မှရဲဘော်များ)၊ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ရဲဘော်များ တက်ရောက်ခဲ့ကြကာ မရိမ်းမှ နည်းပြများ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အထူးစစ် ဆင်ရေးတပ်ဖွဲ့ (SOF တပ်ဖွဲ့) မှ နည်းပြများနှင့် SSTF တပ်ဖွဲ့မှ နည်းပြအကူများက ၃ လကြာ စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြောင်း၊ သင်တန်းဆင်းပွဲသို့ လွတ်မြောက်နယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့ပြီး ပြည်သူ့ရဲတပ်ဖွဲ့ရဲချုပ်၊ ဒုရဲချုပ်နှင့် SSTF ဒုဌာနကြီးမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။