ရက္ခိုင့်တပ်တော်က ဘူးသီးတောင်မြို့နယ်က အကြမ်းဖက် စစ်တပ်ရဲ့ ခမရ(၅၅၂) တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ (၂၄) ရက်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ဘူးသီးတောင်အခြေစိုက်၊ ခမရ (၅၅၂) တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA)က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတာနဲ့ စခန်းတစ်ခုလုံးကို သိမ်းပိုက်ရယူရေး အတွက် ထိုးစစ်ကို အရှိန်အဟုန်မြှင့် တိုက်ခိုက်နေတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် မတ် ၂၀ရက်က စတင်ပြီးတော့ ဂုပ္ပီစခန်းက ထွက်ပြေးလာကြတဲ့ ရန်သူတွေကို ရက္ခိုင့်တပ်တော်က ပိတ်ဆို့ဖြတ်တောက်ရေး လိုက်လံ ချေမှုန်းတိုက်ခိုက်နေရာ အဆိုပါ အကြမ်းဖက်စစ်သားတွေထဲက ၁၂ဦးကို သီးတောင်မြိုနယ်၊ အနောက်ပြင် ( ရွာပျက်) ရဲ့ မီတာ (၃၀၀) ခန့်အကွာမှာ ချေးမှုန်းနိုင်ခဲ့တယ်ဆိုတာနဲ့ ၁၀ဦးကျော် ဒဏ်ရာရသွားတယ်လို့ ရက္ခိုင့်တပ်တော်က အသိပေးထားပါတယ်။
လိုက်လံချေမှုန်းတိုက်ခိုက်မှုအတွင်း ရန်သူ့လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်း ရမိခဲ့တယ်ဆိုတာနဲ့ ထွက်ပြေးနေသေးတဲ့ ရန်သူတွေကို ရက္ခိုင့်တပ်တော်က ဆက်လက်ချေမှုန်းတိုက် ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ နိုင်ငံအနှံအပြားမှာရှိတဲ့ စစ်တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရလို့ အပြစ်မဲ့ ပြည်သူလူထုအပါအဝင် အရပ်ဘက်ပစ်မှတ်၊ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ ပစ်မှတ်တွေကိုသာ ဦးတည်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်နေတာလို့ ဆိုပါတယ်။
ရက္ခိုင့်တပ်တော်အနေနဲ့ ပြည်သူလူထုတွေကို နေ့စဉ်သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို ထိုက်သင့်တဲ့ တုံပြန်တိုက်ခိုက်မှုတွေကို လက်စားချေတုံပြန်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။