အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးဒုက္ခသည်တွေ ကို ဆက်လက်နေထိုင်ခွင့်ပေးဖို့ ကဘော်ချိုင့်ဝှမ်းဒေသက ဗမာပြည်ဒုက္ခသည်များကော်မတီ (BRCK) က တိုက်တွန်းထားတယ်လို့ သိရပါတယ်။
မဏိပူရ်ပြည်နယ် အစိုးရက ထိန်းသိမ်းရေးစင်တာတွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးဖို့ စီစဉ်နေချိန်မှာ အခုလို တိုက်တွန်းထားတာလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်က တရားမဝင်နေထိုင်လို့ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၂၅၉ ဦဍကို ပြန်ပို့ခဲ့ပါတယ်။
မဏိပူရ်ပြည်နယ်မှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၆၄၈၇ ဦးကိုခန့်ကို ယာယီထိန်းသိမ်းရေး စခန်းတွေမှာ ပို့ထားခံရပြီး လက်ရှိမှာ ပြည်နယ်အစိုးရအနေနဲ့ ပြည်နှင်ဒဏ်ပေးဖို့ စီစဉ်နေတဲ့အချိန်ဖြစ်ပါတယ်။