မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ ၊ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်သပိတ်တက်ကြွလှုပ်ရှားသူတစ်ဦးနှင့် ဒေသပြည်သူလူထုပူးပေါင်းကာ ယနေ့ မတ်လ ၂၆ ရက်နေ့တွင် စစ်အာဏာရှင်တော်လှန်ရေး လူထုသပိတ်တိုက်ပွဲ ပြုလုပ်ခဲ့ကြသည်။
အာဏာသိမ်းစစ်ကောင်စီ ထုတ်ပြန်ကြေညာသည့် မတရားစစ်မှုထမ်းဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ”မတရားစစ်မှုထမ်းဥပဒေကို ဝိုင်းဝန်းဆန့်ကျင်ကြ”၊ ”မတရားစစ်မှုထမ်းဥပဒေ အလိုမရှိ” စသည့် စာသားပါဘန်နာများကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။