နယူးယောက်ပြည်နယ်၏ မြို့တော် Albany တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် MR. Paul D Tonko နှင့် ဒေါက်တာမီမီဝင်းဘတ်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ပြန်လည်ရှင်သန်ရေးနှင့် မြန်မာ့အရေးကို ပိုမိုအာရုံစိုက်မြှင့်တင်ပေးရေးများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် Albany မြို့တွင်ရှိသည့် SUNY, Albany, School of Public Health, Center for Global Health က ဦးစီးကျင်းပသည့် ဆွေးနွေးပွဲများတွင်လည်း လက်ရှိမြန်မာနိုင်ငံအခြေအနေများကို ဒေါက်တာမီမီဝင်းဘတ်က ဆွေးနွေးရှင်းပြခဲ့ကာ Albany တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံဖွားတိုင်းရင်းသားပြည်သူများနှင့်လည်း တွေ့ဆုံပြီး နွေဦးတော်လှန်ရေးကို ယခုထက်ပိုမိုဝိုင်းဝန်းပံ့ပိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။