တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ဗမာ့လူငယ်ကွန်ရက် (ဗလက) တို့ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလှုပ်ရှားမှုတွင် “တော်လှန်ရေးနေ့အရင်းတည် ဖက်ဆစ်စစ်တပ် တိုက်ဖျက်မည်” ခေါင်းစဉ်နှင့် အထိုင်သပိတ်ပြုလုပ်ပြီး လူထုအား အောင်ပွဲအဆက်ဆက်ခံမည်သီချင်းနှင့် တော်လှန်ရေးသီချင်းများ သီဆိုတက်ကြွစေပြီး တော်လှန်ရုပ်ရှင်များ ပြသခဲ့ကြသည်။