အဓမ္မ မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ မတ် ၂၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “လက်နက်အားကိုး အဓမ္မမိုးပြီး ပြည်သူကိုရန်လုပ်တဲ့စစ်တပ်ဟာ ပြည်သူအတွက် ရန်သူသာဖြစ်တယ်၊အဆုံးထိသာ တွန်းလှန်ကြ။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။