အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်း စစ်ဌာန လက်အောက်ရှိ PDF များအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်မှတ်တမ်းကို ဂျာမနီနိုင်ငံ ရုပ်သံလိုင်း ARTE ကနေ ထုတ်လွှင့် ပြသပေးခဲ့တယ်လို့ သိရပါတယ်။
“အရိပ်ထဲက ပြည်သူ့တပ်မတော်လို့” အမည်ပေးထားပြီး၊ ပြင်သစ် အလွတ်တန်းသတင်းထောက် Mr. Antoine Védeilhé က မြန်မာ နယ်စပ်တွင် ရိုက်ကူးခဲ့တာလို့ The New York City BURMESE COMMUNITY (NYBC) ထံမှ သိရပါတယ်။
အဆိုပါ ဇာတ်လမ်းကို ပြင်သစ်နိုင်ငံမှာလည်း ပြသခဲ့ပြီး ပြသခဲ့တဲ့ နွေဦးတော်လှန်ရေး မှတ်တမ်း ရုပ်ရှင် များထဲက PDF အကြောင်းရိုက်ထားတဲ့ ပထမဦးဆုံး ဇာတ်လမ်း ဖြစ်တယ်လို့ ဆိုပါတယ်။
Birmanie: L ‘ armee des ombers (အရိပ်ထဲကပြည်သူ့ တပ်မတော်) အမည်ရှိ ရုပ်ရှင်မှတ်တမ်းကို အင်္ဂလိပ်လို ထပ်ဆင့်အမည်နဲ့ လည်း ထွက်ရှိကာ၊ ၃၆ မိနစ်စာ ဇာတ်လမ်းအတိုဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါ မှတ်တမ်းရုပ်ရှင်ကို
https://www.arte.tv/en/videos/118107-000-A/arte-reportage/
မှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။