ရန်ကုန်တိုင်း၊ အကြမ်းဖက်စစ်ကောင်စီရဲ့ မင်္ဂလာဒုံ လေတပ်စခန်း၊ အင်းစိန်မြို့နယ်က စစ်သားစုဆောင်းရေးတပ် နဲ့ ဦးပိုင်ကားဝန်ကို ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow အဖွဲ့က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မတ် ၂၉ ရက် ၈ နာရီအချိန်မှာ ရန်သူစစ်တပ်ရဲ့ မင်္ဂလာဒုံ လေတပ်စခန်း ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အင်းစိန် မြို့နယ်၊ ဒညင်းကုန်း ရပ်ကွက်မှာ ရှိတဲ့ စစ်သားစုဆောင်းရေးတပ် နဲ့ အကြမ်းဖက်စစ်အုပ် စုပိုင် ဦးပိုင် ယာဥ်ရပ်နားစခန်းတို့ကို ည ၈ နာရီ၊ ၁၀ မိနစ် အချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုဖြစ်စဥ်အပြီးမှာ ရန်သူစစ်တပ်ရဲ့ အဆိုပါ နေရာတွေကို အရေးပေါ်လူနာတင်ယာဥ်များဝင်ရောက်လာတဲ့ အတွက် ထိခိုက် ဒဏ်ရာ ရနိုင်ခြေများတယ်လို့ မြေပြင် ပြည်သူများရဲ့ မျက်မြင် တွေ့ရှိ သတင်းပေးချက်ကို အတည်ပြု ဖော်ပြထားပါတယ်။
ရန်ကုန် (UG) တပ်ဖွဲ့တခု ဖြစ်တဲ့ Dark Shadow အနေနဲ့ မြို့နယ်အတွင်း မစ်ရှင် ဖော်ဆောင်ရာမှာ အရပ်သား ပြည်သူတွေ မထိခိုက်အောင် သတိထား ရှောင်ကြဥ်ပြီး အကြမ်းဖက်စစ်အုပ်စု ရဲ့ ဌာနဆိုင်ရာ တွေနဲ့ ဝေးဝေး မှာနေကြဖို့ကိုလည်း မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။