မီဇိုရမ်ပြည်နယ်၊ Saiha မြို့နယ်မှာ ပလက်ဝ စစ်ဘေးရှောင်တွေရဲ့ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်လေ့ရှိတဲ့ မော်တော်ယာဉ် တိမ်းမှောက်ပြီး အသက် ၁၈ နှစ်အရွယ် ယာဉ်မောင်းသူ သေဆုံးတယ်လို့ ဒေသခံ အခြေစိုက် သတင်းဌာန က ဖော်ပြထားပါတယ်။
မီဇိုရမ်ပြည်နယ်၊ Saiha မြို့နယ်တွင်း ပက်လက်ဝ စစ်ရှောင်တွေရဲ့ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်လေ့ရှိတဲ့ မော်တော်ယာဉ်ဟာ မတ်လ ၂၉ ရက်၊ မနေ့ မနက်ပိုင်း ၂ နာရီဝန်းကျင်မှာ Siaha မြို့နယ်တွင်းက Tuipang ရွာနဲ့ Theiri ရွာ ကြားမှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပြီး မီဇိုရမ်ပြည်နယ်မှာ နေထိုင်နေတဲ့ ချင်းလူငယ် အသက် ၁၈ နှစ်အရွယ်၊ မော်တော်ယာဉ်မောင်းသူ သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ သေဆုံးသူ ရုပ်အလောင်းကို Saiha မြို့နယ်လူငယ်အသင်းက ဆေးရုံဆီ သယ်ဆောင်သွားကာ လုပ်ထုံးလုပ်နည်းအရ စစ်ဆေးပြီးမှ မတ်လ ၂၉ ရက် မနက်ပိုင်းမှာဘဲ ဇာတိရွာဆီ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။