အဓမ္မ မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီ ၂ ရက်နေ့တွင် စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “အာဏာကိုပေးရမှာကြောက်လို့ ပြည်သူကိုယုတ်မာ၊ယုတ်မာလို့ပြည်သူကမကြောက်တော့ အာဏာရူးဟာပိုကြောက်လာတယ်၊စစ်ကျွန်မခံအလံမလဲပဲဟေ့၊ငါတို့အဆုံထိတိုက်ကြမယ်။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။