စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရဲ့ အောင်လံလွှင့်မည်ရွှေရည်ကြည် သပိတ် စစ်ကြောင်းကလည်း အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက” အောင်လံလွှင့်မည် ရွှေရည်ကြည် သပိတ် စစ်ကြောင်း” ဆိုတဲ့ စာသား ကိုင်ဆောင် ကာ အကြမ်းဖက်စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြတာပါ။
ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက် စစ်တပ်ကျရှုံး ရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။