ရခိုင်ပြည်တိုက်ပွဲမှာ စစ်ရှုံးလို့ မကွေးတိုင်း (PRA-Magway) လှုပ်ရှားရာ နယ်မြေကို ထွက်ပြေး ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်သား ၄ ဦးကို (PRA-Magway)က ဖမ်းမိခဲ့ ပါတယ်။’
အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ခမရ (၃၄၆) ရန်သူ တပ်သား ၄ ဦးကို ဧပြီ ၁ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ People’S Revolution Alliance(PRA-Magway)က မနေ့က ထုတ်ပြန်ထားပါတယ်။
PRA-Magway နယ်မြေကို စစ်ရှုံးလို့ ထွက်ပြေးလာတဲ့ ရန်သူ တပ်ဖွဲ့ဝင်များဟာ မကွေးတိုင်းနဲ့ နီးစပ်ရာဒေသတွေကို ဝင်ရောက် လာမှုတွေရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၂ ရက်နေ့ကလည်း ရန်သူစစ်တပ် ခလရ (၆၃) လက်အောက်ခံ အကြမ်းဖက်စစ်တပ် အမှတ် (၉) တပ်မတော် တန်းမြှင့် လေ့ကျင့်ရေးသင်တန်းကျောင်းက ရန်သူတပ်သား ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
ရက္ခိုင်ပြည်နယ် အမ်းမြို့နယ် နဲ့ မကွေးတိုင်းကြားမှာ အကြမ်းဖက် စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေလို့ အမ်း-ပဒါန်း ကားလမ်းကို ဧပြီ ၂ရက်က စတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်တယ်လို့ ရက္ခိုင့်တပ်တော် ( AA) က ထုတ်ပြန်ထားပါတယ်။