တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှု အန္တရာယ်မှ ကာကွယ် ရေး အသိ ပညာပေး ဟောပြောတာ၊ သရုပ်ပြတာတို့ကို လောင်းလုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ မနေ့ညပိုင်းက ပြုလုပ်ခဲ့ပါတယ်။
LLPDF လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လူနေရပ်ကွက် တွေကို လက်နက်ကြီး၊လေကြောင်း တိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်ရမယ့် နည်းလမ်းတွေကို ပြင်ဆင် ထားကြဖို့ အသိပေး နှိုးဆော်ခဲ့ တာပါ။
ဆက်လက်ပြီး ကျေးရွာနေ ပြည်သူတွေကို လေကြောင်းတိုက်ခိုက် ခံရခြင်း ဘေးက ကာကွယ်နေထိုင်ဖို့ နည်းလမ်းတွေ ပေးတာ၊ ခိုလှုံဖို့ နေရာတွေ စီစဥ်တာ၊ ရပ်ရွာ အတွင်း ကြို တင်လေ့ကျင့်ထားဖို့ နဲ့ အရေးပေါ် ရိက္ခာခြောက်၊ ဆေးဝါး အသုံးအဆောင်တွေ ကြိုတင် ပြင်ဆင်ထားဖို့ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးဘေးအန္တရာယ်တွေ ရင်ဆိုင်လာရပါက စိတ်ငြိမ်ငြိမ်ထားကြဖို့ နဲ့ နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်း တွေ ပြင်ဆင်တာ၊ အရေးပေါ် ဆေးကုသရေးလုပ်ငန်းတွေ ပြင်ဆင် တာ စတဲ့ ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုလည်း အသိပေး တိုက်တွန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။