စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးကျောင်းကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က စာအုပ် ဒါဇင်၁၀၀နဲ့ သင်ထောက်ကူပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ကျောင်းသား၊ ကျောင်းသူ ၅၀၀ကျော် အတွက် တန်ဖိုးအားဖြင့် ၁၈သိန်းကျော်ရှိတဲ့ စာအုပ်၊ ခဲတံ၊ ဘောပင်၊ ခဲဖျက်နဲ့ correction ဗူးတွေကို လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဦးဆောင်ပြီး Western Chindwin Association (WCA) အဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။