မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်မှ စခန်းစွန့်ခွာ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ရောက်ရှိနေကြပြီး ထိုင်းဘက်အခြမ်းတွင် ခိုလှုံခွင့်ရရှိရေး ညှိနှိုင်းနေကြသည်ဆိုသော သတင်းများရရှိထားကြောင်း သိရှိရသည်။
“ခလရ ၂၇၅ တပ်ဖွဲ့ဝင်တွေ သေနတ်တွေနဲ့ အမှတ် ၂ တံတားမှာ ခိုလှုံခွင့်ရဖို့ ရောက်နေကြပြီလို့ကြားရတယ်။ အဲဒါ သေနတ်တွေ ပါလာတော့ ထိုင်းဘက်က အခု ခိုလှုံခွင့် ပေး၊ မပေး ညှိနေကြပြီလို့ပြောတယ်။ ထိုင်းသတင်းထောက်တွေ အကုန်တော့ အမှတ် ၂ တံတားကို ပြေးနေကြပြီ” ဟု သိရှိရသည်။
လက်ရှိတွင် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ထိုင်းစစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကားများ ဖြန့်ကျက်ချထားကြောင်း သိရှိရသည်။