လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ကာ ဧပြီလ ၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို “လူထုအာဏာ တည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက်” စာတန်းများ ကိုင်ဆောင်ပြီး အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသပြည်သူများကလည်း ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။