မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၈၇)လမ်းနဲ့ (၂၄)လမ်းက သီရိမာလာ အရှေ့ရပ်ကွက်ရုံးနဲ့ ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်းလမ်းခွဲ၊ ဦးပွါးဂုံးကျော် အရှေ့ဘက် အဆင်းလမ်းထိပ်ရှိ ချမ်းမြသာစည်တောင် ရပ်ကွက် ရုံးတို့ကို ယမန်နေ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ အောင်စည်တော် စစ်ဆင်ရေး – AST-MDY က သတင်း ထုတ်ပြန်ပါတယ်။
ဧပြီ(၁၀)ရက်က အဲ့ဒီ မန္တလေးမြို့ပေါ်က ရပ်ကွက်ရုံး နှစ်ရုံးကို မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့တွေ ဖြစ်တဲ့ AST -MDY နှင့် STF-MDY တို့ ပူးပေါင်းပီး ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီ ရပ်ကွက်ရုံးတွေက စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတွေဟာ စစ်အုပ်စုအတွက် စစ်သားသစ် စုဆောင်းပေးနေပြီး ပြည်သူတွေထံကနေ အတင်းအကြပ် ငွေညှစ်နေတဲ့အတွက် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ အောင်စည်တော် စစ်ဆင်ရေး တာဝန်ခံက MFP ကို ပြောပါတယ်။
“အုပ်ကြီးများနှင့် မိမိ အကျိုးစီးပွားအတွက် လူမိုက်ယောင်ယောင်၊ informer (သတင်းပေး) ယောင်ယောင် လုပ်နေသူများ အနေဖြင့် မိမိ လုပ်ဆောင်ချက်အတိုင်း တန်ပြန် အကျိုး ရရှိမည်ကို ကြိုတင် သတိပေးလိုက်ကြောင်း အထူး မှာကြားလိုပါတယ်”လို့ အောင်စည်တော် စစ်ဆင်ရေး တာဝန်ခံက ပြောပါတယ်။
မန္တလေးမြို့က ရပ်ကွက်ရုံးနှစ်ရုံး တိုက်ခိုက်ခံရပေမယ့် လူထိခိုက်တာ မရှိဘူးလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
ဧပြီ(၁၀)ရက် နေ့လည်(၂)နာရီကျော်က ချမ်းမြသာစည်မြို့နယ်၊ ဦးပွားခုံးကျော်အနီးက၊ ချမ်းမြသာစည် တောင်ရပ်ကွက်ရုံး ဗုံးထု တိုက်ခိုက်ခံရမှုကြောင့် ရပ်ကွက်ရုံးရှေ့မှာ ရပ်ထားတဲ့ စစ်အုပ်စု ရာအိမ်မှူး ဦးဝင်းဇော်ရဲ့ SERENA၊ အဖြူရောင်ယာဉ် လေကာမှန် တစ်ခု၊ နောက်ကြည့်မှန်ကွဲ ပျက်စီးခဲ့ပြီး နောက်ဘီးနှစ်လုံးပေါက်ကာ၊ ကားဘော်ဒီ အနည်ငယ်ပျက်စီးခဲ့သလို အဲ့ဒီရပ်ကွက် အကွက်(၈၅၇)ရာအိမ်မှုး ဦးအောင်ကိုလတ်ရဲ့ ဟွန်ဒါကလစ် အနက်ရောင် အနည်းငယ် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဧပြီ(၁၀)ရက် မနက်(၁၁)နာရီခွဲအချိန် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအမာရှေ့ရပ်ကွက်ရုံး ဗုံးထု တိုက်ခိုက်ခံရပြီး ရပ်ကွက်ရုံးအနီးမှာ ရပ်ထားတဲ့ ပါဂျဲရိုးကားတစ်စီး ကားအောက်ပိုင်း ဆီတိုင်ကီနဲ့ နောက်ဘီးနှစ်လုံးပေါက် ပျက်စီးတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် သီရိမာလာအရှေ့ ရပ်ကွက်ရုံးနဲ့ ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင် ရပ်ကွက်ရုံး ဗုံးထုခံရပြီးနောက် ထိခိုက်ပျက်စီးမှုကို တွေ့ရစဉ်