ကချင်ပြည်နယ်၊ လိုင်ဇာအနီး စစ်ကောင်စီ အခြေစိုက်ခဲ့တဲ့ နာဖော့ တပ်စခန်း အနီးဝန်းကျင်က ဘိန်းခြံတွေကို ယမန်နေ့ ဧပြီ ၅ ရက်နေ့ KIA မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်အရ ဖျက်ဆီး ရှင်းလင်းပစ်လိုက်ကြောင်း KIA အသိုင်းအဝိုင်းဆီက သိရပါတယ်။
“စစ်ကောင်စီ အခြေစိုက်ထားတဲ့ နာဖော့ တပ်စခန်း အနီးဝန်းကျင်မှာ တရုတ် သူဌေးတွေ ဘိန်းခြံ ကြီးတွေ လုပ်ထားတာကို ဧပြီလ ၅ ရက်နေ့က ရှင်းပစ်လိုက်ပြီ။” လို့ KIA သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
ဖျက်ဆီးပစ်တဲ့ ဘိန်းခြံတွေ ဧက ဘယ်ဘောက်လဲ ဆိုတာ မသိလိုက်ဘူး လို့သူက ပြောပါတယ်။ အဲဒီ ဘိန်းခြံတွေဟာ တရုတ်လုပ်ငန်းရှင်တွေရဲ့ ဘိန်းခြံဖြစ်ပြီး လုပ်စားနေတာ နှစ်ပေါင်းများစွာ ကြာပြီလို့ သူက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတွေကလည်း သူတို့ပဲ ဘိန်း ငွေယူပြီး ရောင်းဝယ်ခွင့်ပြုထားပြီး သူတို့ပဲပြန်ဖမ်းတာတွေ လုပ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီ လက်အောက်ခံ ရဲတွေက အဲလိုပဲ။ သူတို့ဘိန်း တရုတ်တွေကို ရောင်းခိုင်း၊ နောက်တော့ အဲဒီ ဘိန်းရောင်းတဲ့ လူတွေကို အဖမ်းပြ။ တကယ် ဆိုရင် အဲဒီ ဘိန်းရောင်းတဲ့ ပိုက်ဆံကို ရဲတွေ သူတို့ ကိုယ်တိုင် ဘိန်း ရောင်းတဲ့ နေရာ သွားယူရင် မကောင်းလို့၊ အဆင်မပြေလို့ ဘိန်းရောင်းတဲ့ နေရာ အဖမ်းပြပြီး အဲဒီ ဘိန်းရောင်းရတဲ့ ငွေနဲ့ပဲ ပြန်လာရွေးခိုင်း အဲလိုမျိုး လုပ်တာ။ ဘယ်နေရာမဆို စစ်ကောင်စီတွေက အဲလိုပဲ။” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဏ္ဍ ၂ နှစ်ခန့်ကလည်း အဲဒီနာဖော့ တပ်ရင်းမှူးရဲ့ ဘိန်းသယ်လာပေးတဲ့ အဖွဲ့ကို KIA တပ်မဟာ ၃ က ဖမ်းဆီးရမိခဲ့ဖူးတယ်လို့ ဆိုပါတယ်။