မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ရွာ စစ်ဆေးရေးဂိတ်နှင့် ညောင်ပင်လှလမ်းခွဲရှိ စစ် ဆေးရေး ဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ ဧပြီလ ၆ ရက် နံနက် ၇ နာရီခန့်က ပခုက္ကူမြို့နယ်၊ ညောင်ပင်လှလမ်းခွဲရှိ အကြမ်းဖက် စစ် သား၊ ပျူစောထီးကို ဒရုန်းဖြင့် အီနာဂါ ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ ဧပြီလ ၅ ရက် ညနေ ၆ နာရီခန့်ကပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာ၌ တပ်စွဲ ပြီး ခရီးသွားပြည်သူများ၏ ကားများကို ဆက်ကြေးကောက်ခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်း၊ ရိက္ခာ ပစ္စည်း များအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်းတို့ နေ့စဉ်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက် စစ် သား ပျူစောထီးများကို ဒရုန်းဖြင့် အီနာဂါ ဗုံးသီး ၈ လုံး ကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra၊ PKU Thurain၊ Young Forcef (UG)၊ Kamma Defence Force (KMDF)၊ ကမ္မတပ်ပေါင်းစု နှင့် DMG (ဓားမင်းကြီးတပ်ဖွဲ့)တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။