နွေဦးဖွံဖြိုးရေးဘဏ်၏ အမြတ်ငွေအားလုံးကို ရှယ်ယာ(တိုကင်) ပိုင်ဆိုင်ထားသူများကို ဧပြီလကုန်တွင်အမြတ်ငွေများ ခွဲပေးမည်ဟု အဆိုပါဘဏ်က ဧပြီ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။
အမြတ်ငွေအားလုံးကို ခွဲဝေပေးရန်အတွက် နွေဦးဖွံဖြိုးရေးဘဏ်(SDB) ဒါရိုက်တာအဖွဲ့က တညီတညွတ်တည်း ချမှတ်ဆုံးဖြစ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
နွေဦးဘဏ်သည် ၂၀၂၃ ဇူလှိုင်လမှ ၂၀၂၃ ဒီဇင်ဘာလ ၃၁ ရက်အထိ ဝင်ငွေ ဒေါ်လာ ၄၀၆,၀၄၂ (ဒေါ်လာ လေးသိန်းကျော်) ရရှိခဲ့ပြီး အခွန်ထုတ်နှုတ်ပြီး အမြန်အစွန်း ဒေါ်လာ ၂၈၃,၁၉၇ ( ဒေါ်လာ နှစ်သိန်းရှစ်သောင်းကျော်) ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဒေါ်လာ ၁၀,၀၀၀ ရင်းနှီးမြှပ်နှံထားသည်သူများအတွက် အမြတ်ဝေစု ဒေါ်လာ ၂၈ ဒသမ ၃၁၉၇ ရရှိမည်ဟု အဆိုပါဘဏ်က တွက်ချက်ပြထားသည်။
“၂၀၂၄ ခုနှစ်မှာ ထူးခြားဆန်းသစ်သည့် ဘဏ်လုပ်ငန်းစဉ်များနှင့် ဝန်ဆောင်မှုများကို ဆက်လက် အကောင်ထည်ဖော်နိုင်ရန် နွေဦးဘဏ်ဟာ ပိုမို ကောင်းမွန်ကျယ်ပြန့်သော တိုးချဲ့မှုများနဲ့ အောင်မြင်မှုများအတွက် ပြင်ဆင် ဆောင်ရွက်လျက်ရှိပါတယ်။” ဟု နွေဦးဖွံဖြိုးရေးဘဏ်၊ အလုပ်အမှုဆောင်အရာရှိချုပ် ဦးကယ်လ်ဗင်ကပြောသည်။
“ဘဏ်က အမြတ်ဝေစုခွဲပေးမှာမသိသေးဘူး။ဝယ်ကတည်းက တော်လှန်ရေးအောင်ဖို့အတွက်ပဲ ဝယ်နိုင်သလောက်ထည့်ဝင်ထားတာ ။အမြတ်ရဖို့အဓိက မဟုတ်ဘူးလေ။ ဘဏ်ကအလုပ်ဖြစ်ပြီး အမြတ်ဝေစုပေးတော့လည်ူကောင်းတာပေါ့”ဟု ဘဏ်ရှယ်ရာ ဝယ်ထားသူတစ်ဦးကပြောသည်။
နွေဦးဘဏ်သည် ယခုနှစ်(၂၀၁၄)တွင်လည်း ထူးထူးခြားခြားတိုးတက်မှုများရှိခဲ့ပြီး အသုံးပြုသူ ၉၅,၀၀၀ နှင့် ငွေကြေးအစုစု စီမံခန်ခွဲမှု ဒေါ်လာ ၁၈ ဒသမ ၃ သန်းရှိခဲ့သည်ဟု အသိပေးထားသည်။
ဘဏ်၏ အစုရှယ်ယာများကို အများပြည်သူသို့ ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၁၀ သန်းဖိုးရောင်းချခဲ့ရာ ရှယ်ယာအားလုံးရောင်းကုန်ခဲ့ပြီး ဝယ်မရသူများရှိခဲ့ကြောင်း သိရသည်။