ဧရာဝတီတိုင်း၊မြောင်းမြခရိုင် PDF မှ တိုက်ပွဲဝင်နိုင်ရန် လိုအပ်တဲ့ စစ်အသုံးအဆောင်များ ဖြည့်ဆည်းနေတယ်လို့ သိရပါတယ်။
ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဧပြီ ၇ ရက်နေ့က စုဆောင်းငွေနဲ့ သေနတ် ၁ လက်ဝယ်ယူခဲ့တယ်လို့လည်း ဒီနေ့ရက်စွဲနဲ့ အသိပေး ထုတ်ပြန်ပါတယ်။
အခုအခြေချ ရပ်တည်နေတဲ့ စစ်ရေးနယ်မြေမှာလည်း မဟာမိတ် တပ်နဲ့ ပူးပေါင်းကာ တိုက်ပွဲဝင်နေတာဖြစ်ပြီး၊တိုင်းအတွင်း သို့ ပြန်ဝင်နိုင်လျင်လည်း စနစ်ကျတဲ့ တပ်ဖွဲ့ဝင်များ ဖြစ်ဖို့ ရည်ရွယ် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
တပ်ဖွဲ့အတွက် လိုအပ်တဲ့ ယူနီဖောင်း၊စကားပြောစက်၊ စခန်းအတွက် လိုအပ်တာများကိုလဲ ဖြည့်ဆည်းနေပြီး၊ ပြည်သူများရဲ့ ထောက်ပံ့ငွေ များကို စီမံခန့်ခွဲရာမှာ တော်လှန်ရေးအတွက် ထိရောက်တဲ့ အသုံးစရိတ်ဖြစ်ရန် အဓိကထား လုပ်နေတယ်လို့ ပြောပါတယ်။
မြောင်းမြ ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဝန်းရံပေးကြတဲ့ အလှူရှင်များ၊ ပူးပေါင်းဆောင်ရွက်ပေးနေတဲ့ အယောက်ချင်းစီတိုင်း ကိုလည်း ကျေးဇူးအထူးတင်ရှိတယ်လို့ မှတ်တမ်းတင် ဖော်ပြထား ပါတယ်။