စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုသူ ၅၁ဦး ကျောက်ဆည်ခရိုင်အမှတ် ၂ တပ်ရင်းကို ရောက်ရှိလာပါတယ်။
အမျိုးသား ၄၆ ဦးနဲ့ အမျိုးသမီး ၅ ဦးပါဝင်ပြီး မန္တလေးတိုင်းက အများစုဖြစ်ကြပါတယ်။ သူတို့ကို စစ်ရေးဆိုင်ရာ ပစ်ခတ်တာ၊ စစ်ရေးပြတာ၊ တောတွင်း နေထိုင်နည်းတွေကို သင်ပေးနေပါတယ်။
အမျိုးသမီး၊ အမျိုးသား အကုန်လုံးက တိုက်ခိုက်ရေးဘက်ကို အားသန်နေကြပြီး သင်တန်းပြီးသွားချိန် လက်နက်ကိုင် တိုက်ခိုက်ရေးပိုင်းမှာ တာဝန်ထမ်းဆောင်ကြဖို့ အဆိုပြုထားကြပါတယ်။