ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လူထုသပိတ်လှုပ်ရှားမှုကို ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ၏ အင်အားစုတစ်ခုဖြစ်သည့် LGBT Community က ဦးဆောင်ပြီး “အမှောင်သင်္ကြန်မှာ တို့တတွေ၊ အာဏာရှင်စနစ်ကို မှောက်ပစ်မလေ” ဘန်နာများကိုင်ဆွဲပြီး ဧပြီလ ၉ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။