ပြည်သူများ ကူညီထောက်ပံ့ငွေနဲ့ M4 A1 ပါကင်တလက်ကို ဝယ်ယူ နိုင်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့မှ မနေ့က အသိပေးပါတယ်။
လူထုရဲ့ စုပေါင်းထည့်ဝင်ငွေများမှ တပ်ဖွဲ့ရဲ့ ရိက္ခာ အတွက် အသုံးစရိတ်ကို ချွေတာခဲ့ပြီး၊ အခုလို M4 A1 တလက်ကို ဝယ်ယူခဲ့တာလို့ ရေးဘီလူး အဖွဲ့မှ မနေ့က ရက်စွဲနဲ့ မှတ်တမ်း နဲ့တကွ ထုတ်ပြန်ပါတယ်။
ဒီ M4 A1 သေနတ် တလက်ကို ထိုင်းဘတ်ငွေ ၁၂၅၀၀၀ ကုန်ကျခဲ့ပြီး၊ အထောက်အကူပြုပေးတဲ့ ပြည်သူများကို အထူး ကျေးဇူးတင်ရှိတယ်လို့ ဂုဏ်ပြုပြောဆိုထားပါတယ်။