(၂၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနားကို ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် KNDF စစ်ဗျူဟာ အမှတ် ၁ ဖယ်ခုံဇုန် ၌ပြုလုပ်ခဲ့သည်။
ဖယ်ဖုံနှင့် မိုးဗြဲ မြို့နယ်တို့တွင် ယခုရက်ပိုင်းတိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း အခမ်းအနားကိုအောင်မြင်စွာပြုလုပ်ခဲ့သည်။ယနေ့(ဧပြီ ၁၀ ရက်)တွင်ကျရောက်သောကယန်းအမျိုးသားနေ့တွင် ရဲဘော်များသည် ကယန်းအလံကိုအလေးပြုခြင်းနှင့်အတူ ကယန်းအမျိုးသားသီချင်းများသီဆိုခြင်းနှင့် ကွယ်လွန်လေပြီးသော ကယန်းအမျိုးသားခေါင်းဆောင်ကို အလေးပြုခြင်းများပြု လုပ်ခဲ့ကြောင်း အသိပေးသည်။
အခြေနေအမျိုးမျိုးကြာင့် ကယန်းအမျိုးသားနေ့ကို အားလုံးအတူတူ မကျင်းပနိုင်ခြင်းအပေါ် ဝမ်းနည်းမိကာ နောက်လာမည့်နှစ်များ၌ ကယန်းလူထုတစ်ရပ်လုံးနှင့် အတူတူ ခမ်းနားထည်ဝါသောကယန်းအမျိုးသားနေ့ကို ကျင်းပလိုကြောင်းလည်း KNDF စစ်ဗျူဟာ အမှတ် ၁ က ထုတ်ပြန်သည်။
“ကယန်းအမျိုးသားနေ့၌ နေရာအရပ်ရပ်မှာ ရောက်ရှိနေကြသော ကယန်းတိုင်းရင်းသားညီအစ်ကိုများ ကျန်းမာ ချမ်းသာကြပါစေ။ ဘေးအန္တရာယ်အပေါင်းကင်းဝေးကြပါစေ။တော်လှန်ရေးတွင် ပါဝင်ကြသော သူများအားလုံးလည်း ဘေးကင်းကြပါစေ”ဟု KNDF စစ်ဗျူဟာ အမှတ် ၁ က ဆုမွန်စကားပါးသည်။
ထို့အတူ မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းရေး၊ စစ်ရှောင်ပြည်သူများ ဘေးကင်းလုံခြုံရေးနှင့် မြေပြင်ရဲဘော်များလည်း အန္တရာယ်ကင်းစေရန်လည်းဆုတောင်း ထားသည်။
၂၄ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို ဒီးမော့ဆို မြို့နယ်တွင်လည်း အကျဥ်းချုံး ပြုလုပ်ခဲ့ပြီး ထိုင်းနယ်စပ်မယ်ဟောင်ဆောင် ခရိုင် နန်းဆွယ်ရှိ ကယန်းသာယာရွာ၌ ကရင်
နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ၊ ကယန်းအမျိုးသားညီညွတ်ရေးဦး ဆောင်ကော်မတီမှခေါင်းဆောင်များ ပါဝင်သည့် အခမ်းအနားကို ပြုလုပ်ခဲ့သည်။
၁၉၆၄ ခုနှစ်နောက်ပိုင်း ကယန်းလူမျိုးအမည်နာမ ကိုအ
ခြေခံသော အသင်းအဖွဲ့များစတင်ပေါ်ပေါက်လာခဲ့ပြီး ကယန်းအမျိုးသားခေါင်းဆောင်များက အေဒီ ၂၀၀၀ ခုနှစ်
ဧပြီ ၁၀ ရက်နေ့တွင် လူမျိုးအဖြစ် ရပ်တည်နိုင်ရေးအတွက် အဓိကလိုအပ်သည့် စာပေ၊ယဥ်ကျေးမှု၊ကယန်းအမျိုးသားအလံတော်ကို အတည်ပြုနိုင်ခဲ့ပြီးနောက် ထိုနေ့ကို အစွဲ ပြု၍ ကယန်း အမျိုးသားနေ့ကို ကျင်းပလာခဲ့ခြင်းဖြစ်သည်။