ရန်ကုန်၊မြောက်ဥက္ကလာမြို့နယ် ၊ ဝဇီရာရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးကို ဖျက်အားပြင်း အဝေးထိန်း TNT 1.5 Kg အသုံးပြုထားတဲ့ မိုင်း နဲ့ ဒီနေ့ မနက် ၁၁နာရီ ဝန်းကျင်က ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြ ပျောက်ကျား UG တပ်ဖွဲ့တခုဖြစ်တဲ့ Project Homeက ပြောပါတယ်။
အဆိုပါ အုပ်ချုပ်ရေးမှူးရုံးမှာ အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ပျူ ၁၀ ဦးဝန်းကျင် ရှိနေချိန် Project Home မြို့ပြ ပျောက်ကျား UG က တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖွဲ့က အကြမ်းဖက်စစ်မှုထမ်းဥပဒေကို အတင်းအကြပ်လုပ်ဆောင်ပြီး ပြည်သူကို အနိုင်ကျင့်ဗိုလ်ကျနေတဲ့ အကြမ်းဖက် စစ်ကောင်စီဘက်တော်သားတွေကို ဖောက်ခွဲတိုက်ခိုက် တာလို့ဆိုပါတယ်။
မြို့ပြ ပျောက်ကျား UG တပ်ဖွဲ့တခုဖြစ်တဲ့ Project Homeကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်က ၃၀ရပ်ကွက်အုပ်ကြီး ကို ပစ်ခတ်ရှင်းလင်းခဲ့သလိုရန်ကင်းမိုးကောင်းမှတ်တိုင် အရှေ့က အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ အသက်သွေးကြောထဲက တစ်ခုဖြစ်တဲ့ Mytel ဝန်ဆောင်မှုပေးနေတဲ့ ဆိုင်ခန်းကို ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။