မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်၊ ကော့ဝမ်းကျေးရွာအပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူ့စစ်အမည်ခံ လက်ပါးစေစခန်းကို မွန်တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်းပြီးတော့ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပြည်သူ့စစ်စခန်းကို ဧပြီ ၉ ရက်၊ နေ့လည် ၁ နာရီမှာ မွန်ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းခဲ့ရာ ရန်သူတပ်သားများ လက်နက်ချ၊အညံခံခဲ့ကြတယ်လို့ ပူးတွဲ ကြေငြာချက်ကို ယက္ခ ဒီပ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရှိရပါတယ်။
ရန်သူတပ်စခန်းအတွင်း လက်နက် ၁၀ လက်၊ ကျည်ဆံ ၅၄၃ တောင့်တို့ကို သိမ်းဆည်းကာ ပူးပေါင်းတော်လှန်ရေး အဖွဲ့များအားလုံး ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးကို BELU ယက္ခဒီပ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ SG Production အဖွဲ့၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာ လို့ အသိပေး ထုတ်ပြန်ထားပါတယ်။