စစ်ကိုင်းတိုင်း ၊ ကလေးမြို့၊ မြို့လှရပ်ကွက်တွင် ယမန်နေ့(ဧပြီ ၁၁ရက်)ညက နေအိမ်တစ်လုံးမီးလောင်ကျွမ်းမှုအတွင်း (၁၀)နှစ်အရွယ်ကလေးနှင့် မိခင်ဖြစ်သူ သေဆုံးသွားခဲ့သည်။
ဆည်မြောင်းရုံးအနီးတွင် ည ၉ နာရီခန့်က နေအိမ်တစ်လုံးမီးလောင်ခဲ့ခြင်းဖြစ်သည်။
” မိသားစု လေးယောက်ရှိတာ။ နှစ်ယောက်ကလွတ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
မိသားစုဝင်လေးဦးအနက် ဖခင်နှင့် သားဖြစ်သူ အသက်အန္တရာယ်ကင်းလွတ်ခဲ့ပြီး မိခင်နှင့် အသက်(၁၀)နှစ်အရွယ်သားဖြစ်သူ မီးလောင်သေဆုံးခဲ့ခြင်းဟု ဆိုသည်။ မီးလောင်သည့်အကြောင်းရင်းကိုမသိရှိရသေးပေ။
ယခုရက်ပိုင်း အပူချိန်များမြင့်တက်လာပြီး ဒေသအချို့တွင် မီးလောင်ကျွမ်းမှုများ မကြာခဏဖြစ်ပွားနေသည်။ ချင်းပြည်နယ် မင်းတပ်မြို့တွင်လည်း ယမန်နေ့နေ့လယ်က မီးလောင်ကျွမ်း
မှုဖြစ်ခဲ့ရာ နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသည့် ဒေသခံများ၏ အိမ် ၈လုံး မီးလောင်သွားခဲ့ကြောင်း မြို့ခံများက ပြောသည်။