ရန်ကုန်မြို့ တစ်နေရာတွင် ဗကသများအဖွဲ့ချုပ်နှင့်မဟာမိတ်များ ပူးပေါင်း၍ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ယနေ့ (ဧပြီ ၁၂) နံနက်က ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။
ဆန္ဒပြလူငယ်များက “ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်ကြ မတရားစစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ” စာသားပါဘန်နာအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းနှင့် စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းဆန္ဒပြလှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် North Dagon Oppressed People’s Strike Coalition-NDOPSC တို့ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။