ရန်ကုန်မြို့တွင် ရန်ကုန်တော်လှန်လူငယ်များက အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် လမ်းမပေါ်၌ သွေးစွန်းခံခဲ့သော အပြစ်မဲ့ ပြည်သူလူထုနှင့် ကျောင်းသားထုကြီးကို ရည်ညွှန်း ပုံဖော်ပြသသည့်အနေနှင့် နေရာအရပ်ရပ်၌ သွေးစွန်းနေသော ပိတောက်ပန်းများကိုင်ကာ အာဏာရှင်စနစ်အောက်တွင် နစ်မျော မေ့လျော့နေသူများကို လှုံ့ဆော် အသိပေးသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။