ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ တော်လှန်ပြည်သူတွေက သင်္ကြန်အကြိုနေ့အဖြစ် တိတ်ဆိတ်စွာနဲ့ ဆင်နွှဲနေတဲ့ ပုံရိပ်တွေကို ပုသိမ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပုသိမ် ပကဖ) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
“အဓမ္မသင်္ကြန်ကို ပြည်သူတွေအနေနဲ့ ရပ်ကွက် ၊ လမ်းမကြီးတွေမှာ ဧပြီလ(၁၃)ရက် သင်္ကြန် အကြိုနေ့ ရေကစားတာတွေကို မတွေ့ရှိဘဲ လူအသွားအလာတွေပါ ခြောက်ကပ်နေတယ်”လို့ ပုသိမ်(ပကဖ) ကပြောပါတယ်။
ပုသိမ်မြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ၁၃၈၅ခုနှစ်၊ တန်ခူးလဆန်း(၅)ရက်နေ့မှ တန်ခူးလဆန်း(၈)ရက်နေ့ ၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ(၁၃)ရက်ကနေ (၁၆)ရက်နေ့အထိ အကြမ်းဖက် စစ်ကောင်စီက ကျင်းပနေတာပါ။
အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မ(အပူ)သင်္ကြန်ကို ပါဝင်ဆင်နွှဲခြင်းမပြုကြဖို့ ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က(ပကဖ)က အထူးမေတ္တာရပ်ခံထားပါတယ်။