စစ်ကိုင်းတိုင်း၊ကလေးဝမြို့နယ်မှ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဒုရဲအုပ် ၁ ဦး CDF-KKG ထံ သေနတ် ၂ လက်နဲ့ အလင်းဝင်လာခဲ့တယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
Chinland Defense Force,Kalay-Kabaw-Gangaw တပ်ဖွဲ့ထံသို့ ရန်သူ စစ်အုပ်စုဘက်မှ ဒုရဲအုပ်ဟာ BA ၉၄ အတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်ဆံ အတောင့် ၂၀၀ ၊ ခြောက်လုံးပြူး ၁ လက်၊ ကျည် ၁၂ တောင့်တို့ယူလာကာ အလင်းဝင်လာတဲ့အတွက် ဧပြီ ၁၅ ရက်(ဒီနေ့မှာ) ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ငွေ အနေနဲ့ ပေးအပ်ခဲ့တယ်လို့ CDF-KKG မှ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အလင်းဝင်လာတဲ့ ဒုရဲအုပ်အား လွတ်မြောက်နယ်မြေ သို့ ပို့ဆောင် ပေးခဲ့တယ်လို့လည်း CDF -KKG သတင်းနှင့်ပြန်ကြားရေး ဌာနထံမှ သိရပါတယ်။