တနင်္သာရီတိုင်း၊လောင်းလုံမြို့နယ် အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ပျူစောထီး ခေါင်းဆောင်ကို လောင်းလုံ PDF မှ ဖမ်းဆီးမှုပြုလုပ်စဉ် သေဆုံးသွားတယ်လို့ သိရပါတယ်။
ရန်သူစစ်အုပ်စုရဲ့ ပျူစောထီးခေါင်းဆောင်၊ စမ်းလှန်းရွာ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဧပြီ ၁၄ ရက်၊ ည ၇ နာရီအချိန်ခန့်မှာ လောင်းလုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးရှင်းလင်းခဲ့ တယ်လို့ LLPDF မှ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ပျူစောထီး ခေါင်းဆောင် နေအိမ် အတွင်းမှ အီကွေ့မန့် ၁ စုံ၊ လက်ပစ်ဗုံး ၁ လုံး၊ ဓါး ၃ ချောင်း၊ ပျူစောထီး အဖွဲ့ဝင် ကဒ်ပြား ၊ ယင်းရဲ့ အသုံးဆောင် ပစ္စည်းများကို သိမ်းဆည်း ရရှိခဲ့ပါတယ်။
ရန်သူ ဘက်တော်သားအား ရှင်းလင်းရန် အကြိမ်များစွာ ကြိုးစား ခဲ့တယ်လို့ ဆိုပြီး၊ အဆိုပါ လက်ပါးစေဟာ အကြမ်းဖက်စစ်တပ် ထံသို့ ရိက္ခာပို့ပေးနေတယ်လို့လည်း ဆိုပါတယ်။
အခု နွေဦး တော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်တပ် နဲ့ ပေါင်းကာ ငါးဖမ်းစက်လှေများထံမှ လိုင်းကြေးကောက်ခံတာ၊ လမ်းပြ ခေါ်ဆောင်ကာ စစ်ကြောင်းထိုးတာ၊ အရပ်သားများအား ဖမ်းဆီးခိုင်းတာ ဒီနေ့ အထိ ပျူစောထီး ခေါင်းဆောင် လုပ်ကိုင် နေတာ ဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။