ပအိုဝ်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ -ခမ်းကောင် ဖွဲ့စည်း တည်ထောင်ခြင်း ၂ နှစ်ပြည့်ကို အခမ်အနားနဲ့ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
PNDF-KK ရဲ တပ်တည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကို ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ ဒီနေ့မှာ တပ်ရင်း နယ်မြေတွင် ပြု လုပ်ခဲ့တယ်လို့ Pa-O National Federal Council-PNFC မှ အသိပေး ပါတယ်။
မတရားတဲ့ စနစ်ဆိုးများ ဖျက်သိမ်းရာမှာ ပအိုဝ်းအမျိုးသား အင်အားစု တရပ်အဖြစ် ပါဝင်မယ် လို့ဆိုပြီး၊ ဧပြီ ၁၅ ရက် ထိုင်း-မြန်မာ နယ်စပ် မယ်အော အထူးဒေသတွင် ပအိုဝ်းလူငယ် မျိုးဆက် သစ် လူငယ်များနဲ့ အဓိက အင်အားဖြည့် ဖွဲ့စည်းတည်ထောင်ခဲ့တာ ၂ နှစ် သက်တမ်းပြည့်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။