စစ်ကောင်စီ အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) ၏ စစ်ဆင်ရေး ပစ်မှတ် နေရာ (၂၀)ခု ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံး အောက်ရှိ တပ်ရင်းတပ်ဖွဲ့များက ဧပြီ ၁၆ ရက် နံနက် ၉ နာရီတွင် တပြိုင်နက် တိုက်ခိုက်ခဲ့ကြောင်းNUG ၊ကာကွယ်ရေးဝန်ကြီးဌာန၊စစ်ရုံးချုပ်ကထုတ်ပြန်သည်။
စစ်ဆင်ရေး ရည်မှန်းချက်များ အောင်မြင်ခဲ့ပြီး အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ၏ ထိခိုက်ပျက်စီးမှုများကို အသေးစိတ်စုံစမ်းနေကြောင်း ကနဦး အသိပေး ထုတ်ပြန် ကြောင်းဖော်ပြထားသည်။
အဆိုပါစစ်ဆင်ရေးကိုပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် မကွေးတိုင်းဒရုန်း လက်ရုံးတပ်၊ တိုင်းရုံး တိုက်ခိုက်ရေးအဖွဲ့၊ ပခုက္ကူခရိုင် အမှတ် (၁၊ ၄၊ ၅၊ ၈၊ ၁၁၊ ၁၉) တပ်ရင်းများ၊ ဂန့်ဂေါခရိုင် အမှတ် (၃၊ ၅၊ ၆၊ ၁၃) တပ်ရင်းများ၊ မကွေးခရိုင် အမှတ် (၁) တပ်ရင်းနှင့် သခင်ဖိုးလှကြီးအဖွဲ့တို့က သက်ဆိုင်ရာ စစ်ဆင်ရေး ပစ်မှတ်နေရာများသို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။
ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (C3C) မှ ဆုံးဖြတ်သတ်မှတ်ပေးထားသော စစ်မဟာဗျုဟာ ပစ်မှတ်များအနက် တစ်ခုဖြစ်သည့် ကပစ ၂၁ ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်းစစ်ရုံးချုပ်က အသိပေးထားသည်။