ဒီနေ့မှာကျရောက်တဲ့ မြန်မာ နှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက အကျဉ်းသား ၃,၀၀၀ ကျော်ကို လွတ်ငြိမ်းပေးရာမှာ အင်းစိန်ထောင်ကအကျဉ်းသား ၉၀၀ ကျော်ပါဝင်လာတယ်လို့သိရပါတယ်။
ဒီနေ့နေ့လယ် ၁၂ နာရီခန့်ကစတင်ပြီး အင်းစိန်ထောင်က အကျဉ်းသားတွေကို စလွှတ်ပေးတောတွေ့ရပါတယ်။
လွတ်မြောက်လာသူတွေရဲ့ပြောပြချက်အရ အကျဉ်းသား၉၀၀ ကျော် အင်းစိန်ထောင်ကလွတ်လာတယ်လို့သိရပါတယ်။
ဒီလိုလွတ်လာသူတွေထဲ အမျိုးသားအများဆုံးပါဝင်ပြီး အမျိုးသမီးဦးရေ ၆၀ ခန့်ပါတယ်လို့ သိရပါတယ်။
ဒီနေ့လွတ်ငြိမ်းမှာ အင်းစိန်ထောင်ကလွတ်လာသူတွေထဲ စစ်အာဏာသိမ်းမှုကိုဆန့်ကျင့်လို ဖမ်းဆီးထောင်ချခံရသူအချို့လည်းပါလာပါတယ်။
“၅၀၅ က ပါးပါးပဲပါတယ်။လွှတ်တာက ကိုးရာကျော်” လို့လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတစ်ဦးကပြောပါတယ်။
“အမျိုးသားက ၈၀၀ ကျော်တယ်။ အမျိုးသမီးက ၆၀ကျော်ပဲပါတယ်၊၅၀၅ တွေက တစ်နှစ်အောက်တွေလွတ်ပါတယ်” လို့ လွတ်ငြိမ်းမှာပါလာတဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။
စစ်ကောင်စီရဲ့ ဒီနေ့လွတ်ငြိမ်းမှာ အခြားသောအကျဉ်းထောင်တွေက လွတ်မြောက်လာသူဦးရေ ကိာမသိရသေးပါးဘူး။