အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီက “သနပ်ခါးမြို့တော် အရာတော်” နဲ့ တော်လှန်သကြင်္န် သံချပ်ဖျော်ဖြေတင်ဆက်မှုတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တော်လှန်သကြင်္န် သံချပ်ဖျော်ဖြေတင်ဆက်မှု အရာတော်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ် )တို့ အတူးပေါင်းဦးဆောင်ပြီး CDM ဆရာဆရာမ များ ဆိုင်းဝိုင်းအနုပညာရှင်များရဲ့ ပူးပေါင်းဝန်းရံမှုနဲ့ မဟာသကြင်္န် အကြို အကျ အတက် နှစ်ဆန်းတစ်ရက်နေ့တွေမှာ ပြုလုပ်ခဲ့တာပါ။
အဲဒီလို ပြုလုပ်ရာမှာ အရာတော်မြို့နယ် ကျေးရွာအနှံ့အပြားမှာ တော်လှန်သံချပ်များ၊ ယိမ်းအကအလှများဖြင့် ပြည်သူလူထုအား ခဿတာ စိတ်နှလုံးအမောပြေစေရန် လှည့်လည်ဖျော်ဖြေခဲ့ကြတယ်လို့လည်း သိရပါတယ်။