ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ ရွာငံမြို့နယ်မှ မြင်းကျဒိုး နယ်မြေရဲကင်းစခန်းကို Ywangan PDF-JPRFနှင့် မဟာမိတ်တပ်ဖွဲ့များကတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီ ရဲဒုတပ်ကြပ်တဦးအရှင်ဖမ်းမိကြောင်းPDF အချို့ကပြောသည်။
“မတိုက်ခင်မှာလက်နက်ချခိုင်းတယ်။ မချတော့ တိုက်တာ။ ထွက်ပြေးတာအများကြီးပဲ။ တစ်ယောက်အရှင်ရလိုက်တယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
မြင်းကျဒိုးနယ်ေမြရဲကင်းစခန်းကို Ywangan PDF-JPRFနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တပ်ရင်းအမှတ်(၅၁၅)တို့ကဧပြီလ ၂၁ ရက် နံနက် ၁၀ နာရီခန့်မှ ၁၁နာရီခန့်အထိ တိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး ရဲဒုတပ်ကြပ်ကိုကိုဦးဆိုသူကို ဖမ်းမိကာ စခန်းမှလက်နက်ခဲယမ်းချို့လည်း ရရှိခဲ့ကြောင်း Ywangan PDF-JPRF အဖွဲ့ကသတင်းထုတ်ပြန်ထားသည်။
အဆိုပါစခန်း၌ စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင် ၂၀ဦးခန့်ရှိကြောင်းသိရှိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်စဉ် အများအပြားထွက်ပြေးသွားကြသည်ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
မြင်းကျဒိုးရွာသည် ပျူစောထီးရွာအဖြင့်နာမည်ကြီးသည်။ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီသည် ဧပြီလ ၂၂ရက် နံနက်မှမှစ၍ ဘေးပတ်ဝန်းကျင်ရွာအချို့ကို စစ်ကြောင်းထိုးနေကြောင်း ဒေသခံများကပြောသည်။