မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးများ ဆက်တိုက်နှုတ်ထွက်လာကြောင်း ဒေသခံများကပြောသည်။
စလင်းမြို့နယ်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးများနှင့် ပျူစောထီးများ ဆက်တိုက် အသတ်ခံရပြီးနောက်မှာ ယခုကဲ့သို့နှုတ်ထွက်လာကြခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
People’s Springသတင်းဌာနက ကြည့်ရှုရသည့် နှုတ်ထွက်စာများတွင် ဧပြီ ၁၉ ရက်မှ ၂၁ ရက်အတွင်း အနည်းဆုံးအုပ်ချုပ်ရေးမှူး ၅ ဦးရှိပြီး ၎င်းတို့သည် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နှင့် ကျေးရွာများက အုပ်ချုပ်ရေးမှူးများဖြစ်သည်။
“PDFတွေ လှုပ်ရှားတာများလို့ အရင်က ခေါင်းထောင်နေတဲ့ အုပ်ချုပ်ရေးမှူး၊ပျူစောထီးတွေ ထွက်ပြေးကြတယ်။ နှုတ်ထွက်လာကြတယ်။ ”ဟု စလင်းမြို့နယ်ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေထွက်လာပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပစ်မှတ်ထားတိုက်ခိုက်လာခြင်းကြောင့်ဖြစ်သည်ဟုလည်းသိရသည်။
စလင်းမြို့နယ်အခြေစိုက်၊ မင်းဘူးခရိုင်၊အမှတ် (၁)နှင့် အမှတ် (၅) တပ်ရင်းတို့ကလည်း စလင်းမြို့နယ်အတွင်း စစ်ရေးအရှိန်မြင့်တင်လာနေကြောင်းကို ထုတ်ပြန်ထားသည်။