ဟားခါးမြို့နယ်မှာ သစ်၊ ထင်းခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်းများပြုလုပ်မည်ဆိုပါက သက်ဆိုင်ရာ ဒေသများရှိ ဒေသမြေယာနဲ့သစ်တောအတွင်းရေးမှုးများဆီ(၅) ရက်ကြိုတင်လျှောက်ထားရမယ်လို့ CDF – Hakha Central Council က ဧပြီလ (၂၂) ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါထုတ်ပြန်ချက်မှာ ဟားခါးမြို့နယ်အတွင်းရှိ ဇိုခွါးဒေသ၊ မအယ်ဒေသတို့အပြင် ဟားခါးမြို့ပေါ်အတွက်လည်းအကျုံးဝင်မှာဖြစ်ပြီး အိမ်သုံးအတွက်သာမက ဘာသာရေး နဲ့ အများပြည်သူအကျိုးပြုလုပ်ငန်းများအတွက်သုံးစွဲရန်အတွက်ပါ အကျုံးဝင်ပါတယ်။
ထို့အပြင် ဟားခါးမြို့နယ်ကနေ တခြားမြို့နယ်၊ ဒေသများကို သစ်၊ ထင်း၊ မီးသွေးများကို သယ်ယူလိုပါကလည်း CDF – HCC မြေယာနဲ့သစ်တောဌာနကို (၄) ရက်ကြိုတင်လျှောက်ထားရမှာဖြစ်ပါတယ်။
မျှောစာမပါရှိတဲ့သစ်များ နဲ့ တရားမဝင်သစ်များကို CDF – Hakha Central Council ရဲ့ချမှတ်ထားတဲ့ ဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။