တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာကို စုန်ဆင်းလာသော အကြမ်းဖက် စစ်သားများလိုက်ပါလာသည့် စက်လှေကို PDF တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်မှ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာကို ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် ရန်သူအင်အား ၂၀ ခန့်ပါ စက်လှေကြီး ၁ စီးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိတွေ့တိုက်ပွဲအတွင်း လောင်းလုံး PDF ရဲဘော်များက ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၅ မိနစ်ခန့်အပြန်အလှန်ပစ် ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်သားများ လိုက်ပါလာသည့် စက်လှေကို ၄၀ မမ ဗုံးသီး ၂ လုံး ထိမှန်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။