ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ် ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ DMO PDF ရဲ့ “အောင်မြေ ပရောဂျက်မှ ရရှိငွေနဲ့ တပ်သားအသစ်များကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ Deemawso Local PDF တပ်ရင်း (၁) က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီမော့ဆို ဒေသကာကွယ်ရေးတပ်ရဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို ဧပြီ ၂၃ ရက်မှာ ပြုလုပ်ခဲ့ပြီး၊ တပ်သားသစ်များအား ဒီမော့ဆို PDF ရဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ခံများ၊ ဗျူဟာမှူးများမှ လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
အောင်မြေ ပရေဂျက်ကို ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာ ၁၆ ရက် ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်ထိ ပြုလုပ်ခဲ့ပြီး၊ သတ်မှတ် စံနှုန်း ပြည့်မှီ ခဲ့ကာ၊ ပြည်သူ့ဘဏ္ဍာများနဲ့ ဝယ်ယူနိုင်ခဲ့တဲ့ လက်နက်များ ဖြစ်တယ် လို့ ဆိုပါတယ်။
DMO Local PDF တပ်ရင်း (၁) ရဲ့ ပရောဂျက် အောင်မြင်ရေးအတွက် ပါဝင် ကူညီပေးခဲ့တဲ့ WLMFအဖွဲ့သားများ၊ မမများနဲ့ ပွဲကမယ် ၊ ငါတို့ နိုင်မှာ ပရောဂျက် မိသားစုဝင်များ၊ နိုင်ငံတကာ အလှူရှင်များ၊ ဒေါက်တာ ဖြိုးသီဟ၊ မီဒီယာ အဖွဲ့များ၊ ထောက်ပို့ ရဲဘော်များ အားလုံးကို အထူးကျေးဇူးတင်တယ်လို့ မှတ်တမ်းတင် ဂုဏ်ပြု ထားပါတယ်။